ဝီကီရင်းမြစ်
မည်သူမဆို ပြင်ဆင်နိုင်သော အခမဲ့စာကြည့်တိုက်
လွတ်လပ်စွာ ယူငင်သုံးစွဲနိုင်သော အရင်းအမြစ်ပေါင်း ၃၉၈၈ နှင့်အထက် ရှိသည်။
မတ် အထူးအကြောင်းအရာ
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် သည် မာန်လည်ဆရာတော် ရေးသားခဲ့သော လင်္ကာတစ်ပုဒ်ဖြစ်သည်။
မဟာဝိသ †ယ၊ တိလောကနှိုက်၊ န†ရမရူ၊ သနင်္ကူတို့၊ သရဘူဦးစိုက်၊ မကိုဋ်နဝရတ်၊ ကျောက်စိန်ထွတ်ဖြင့်၊ ညွတ်၍့ညွတ်၍့၊ ဦးနှိမ်ဝှေ့လျက်၊ ညဉ့်နေ့*မစဲ၊ တရဲးရဲးတိ၊ အမြဲးရောညိ၊ မပြတ်ထိသား၊ နန္ဒိဝဎ္ဍန၊ သကျမာရဇိန်၊ *စောမုနိန်၏့၊ သိရီ့န္ဒာဘိ၊ သိရီ့ရတနာ၊ မင်္ဂလာ*မျှို့ပေါင်း၊ *ပုံတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက် ပဝရ၊ စရဏဟု၊ ပါဒ*နက်သန်၊ စုံနှစ်†တန်ကို၊ ငွေဗိ†တာန်ကြီး၊ ကဒဏ်ထီးသို့၊ မိုးပြီး*ဥဿုံ၊ ဘေးမျိုးလုံမှ၊ သုံးပုံပိဋကတ်၊ ဝါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေဝီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍့၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်နှိုက်၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်ကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်၊ သင်္ဃာ ပရမတ်၊ ရှစ်ပါးနတ်ကား၊ လောကဓာတ် ဒိသာ၊ ရှစ်မျက်နှာက၊ စကြဝဠာတောင်ကြီး၊ ကာဆီးသော့†ယောင်၊ တန်ခိုး†ရောင်ဖြင့်၊ ရန်မှောင် မမှောင့်၊ တည်နေစောင့်၍့၊ ချမ်းသောင့် ချမ်းသာ၊ အကြင်ငါလျှင်၊ လင်္ကာ ဤကျမ်း၊ နည်းစုံပြွမ်းကို၊ ဘေး*ဘျမ်းမငွေ့၊ ပြီးကုံ*လွေ့အောင်၊ ချက်စေ့စုံစီ၊ လောကီ လောကုတ်၊ မယုတ်စေရ၊ ရာဇဓမ္မ၊ သုတပညာ၊ ပွားရာပွားကြောင်း၊ ပေါင်း၍့သင်္ဂြိဟ်၊ ပဟိုရ်စည်ကြီး၊ ဆော်ရိုက်တီးသည်။။ ခြီးလော့ ချက်မှန် ကျယ်ကျဉ်းတည်း။
မဟာဝိနယ၊ ပိဋကနှင့်၊ ဓမ္မနှစ်ဖြာ၊ ဘိဓမ္မာသုတ်၊ ခွဲးဝေထုတ်သား၊ ဒုက်-တိတ်-ပ ဉ္စက်၊ ကိုးချက် ရှစ်သောင်း၊ အပေါင်း လေးထောင်၊ ကုန်အောင် ကြီးငယ်၊ ကျမ်း ပင်လယ်မှ၊ ကြိတ်နယ် နှောက်မွှေ၊ ဘော်ထုတ် ဘွေ၍့၊ ဆောင်ထွေစုစု၊ ဝတ္ထု ရာဇဝင်၊ မဟာ†ဝင်က၊ ပုံပြင် နည်းနာ၊ သဒ္ဒါ ပရမတ်၊ ပညတ် ဝေါဟာရ၊ ပေါရာဏနှင့်၊ လောကဓမ္မ၊ ရာဇတန္တီ၊ ထုံးမှီ စံကျ၊ နည်းစုံပြလျက်၊ သုတများရာ၊ ဤလင်္ကာကား၊ ပညာဉာဏ်ပွား၊ အကြောင်းအားဖြင့်၊ ကျီးသွားရှာထ၊ ကာကဒန္တာ၊ ပရိက္ခာသို့၊ ပမာတူ*နိုး၊ အကျိုးမယှဉ်၊ ပယောဇဉ်ကင်း၊ မဟုတ်လျှင်းတည့်၊ အဖျင်းသွပ်ပေါ့၊ တကျိပ်သော့လူ၊ ထန်းစေ့ဟူ၍့၊ မှတ်ယူမရ၊ ဒသ တာလိမာ၊ ဆိုစပါသို့၊ ဆိုရာ မဘွယ်၊ ဓိပ္ပာယ် မထွက်၊ အနက်*မဲ့လျှင်း၊ သမ္ဗန်ကင်းသည့်၊ ချွတ်ယွင်း*ကျီးကျူး၊ အရူးစကား၊ မဟုတ်ငြားတည့်၊ ပတ္တမြား ထိပ်ညှောက်၊ နဂါးမောက်ဖြင့်၊ အိုပျောက်နိုင်စွာ၊ မသေရာဟု၊ နည်းနာပြသင်၊ ပြောပါကျင်လည်း၊ တောဆင်အဝေး၊ ခမည်းပေးသို့၊ အရေးမရ၊ မဟုတ်စွတည့်၊ ထိုမှ တထွေ၊ မရေမရာ၊ စဉ်လာ မပြု၊ မာတုဝိဝါဟ၊ လောကသမ္မုတိ၊ ထုံးမယှိဘဲ၊ အမိထိမ်း†မြား၊ ဆိုစကားသို့၊ လူ†များ*အစုတ်၊ မသမုတ်သည့်၊ မဟုတ်ဥပဒေ၊ မဟူချေတည့်၊ ရေမူဧငြား၊ မီးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေ့ါဘိ၊ ထူမရှိဘဲ၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်၊ ငါးဖြာစင်စစ်၊ ကျမ်းအပြစ်နှင့်၊ မရစ်မဆိုင်း၊ နည်းမှန်လှိုင်းသည်။။ ဘတ်တိုင်သိလိမ့် လက်စဉ်းတည်း။. . .
ဝီကီရင်းမြစ် လမ်းညွှန်
အသစ်များ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၏
ဆိုက်ဘာလုံခြုံရေးဥပဒေ (၂၀၂၅)
အရှေ့တောင်အာရှနိုင်ငံများအသင်း ၏
အာဆီယံ ပဋိညာဉ်စာတမ်း (၂၀၀၈)
ကုလသမဂ္ဂ ၏
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ (၁၉၄၅)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၏
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ (၂၀၁၀)
ဖုန်းမြတ်ကြီးသမန္တဘဒြာမဟာထေရ် ၏
မဟာရစ်စေတီ ကျောက်စာ (၆၆၂)
အမတ်ကြီးဣန္ဒပဇ္ဇရာ ၏
ဣန္ဒပဇ္ဇရာဘုရား ကျောက်စာ (၆၅၆)
စိတ်ဝင်စားဖွယ်ရာများ
ဝီကီရင်းမြစ် အကြောင်း
မြန်မာဝီကီရင်းမြစ်က ကြိုဆိုပါ၏။ မြန်မာဝီကီရင်းမြစ်သည် လွတ်လပ်စွာသုံးစွဲနိုင်သော စာအုပ်စာပေများကို စုစည်းထားသည့် အွန်လိုင်းစာကြည့်တိုက်ဖြစ်သည်။ အများအတွက် ပိုမို အသုံးဝင် အကျိုးရှိသော အွန်လိုင်းစာကြည့်တိုက် တစ်ခု ဖြစ်အောင် မည်သူမဆို ပါဝင် ဝိုင်းဝန်းကူညီ ဖြည့်စွက်ပေးနိုင်ကြပါသည်။ ယူနီကုဒ်စည်းမျဉ်းနှင့်ညီသော မည်သည့်ဖောင့်နှင့်မဆို ရေးသားခြင်း တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်သည်။ အထွေထွေဆွေးနွေးရန်နှင့် မေးမြန်းရန်နေရာတို့တွင်လည်း ဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါသည်။
အခြား ဝီကီမီဒီယာ ညီအစ်မပရောဂျက်များ
ဝီကီရင်းမြစ်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်းက လွှင့်တင်ထားပြီး အခြားသော အခမဲ့ပရောဂျက်များကိုလည်း လွှင့်တင်ထားပါသည်။