my.wikipedia.org

ဘူးပင် - ဝီကီပီးဒီးယား

Calabash
Green calabash growing on its vine
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Cucurbitales
မျိုးရင်း: Cucurbitaceae
မျိုးဇာတ်: Benincaseae
မျိုးစု: Lagenaria
မျိုးစိတ်:

L. siceraria

ဒွိနာမ
Lagenaria siceraria
Synonyms[]

စာရင်း

    • Cucumis bicirrha J.R.Forst. ex Guill.
    • Cucumis lagenaria (L.) Dumort.
    • Cucumis mairei H.Lév.
    • Cucurbita ciceraria Molina
    • Cucurbita idololatrica Willd.
    • Cucurbita lagenaria L.
    • Cucurbita leucantha Duchesne
    • Cucurbita longa W.M.Fletcher
    • Cucurbita pyriformis M.Roem.
    • Cucurbita siceraria Molina
    • Cucurbita vittata Blume
    • Lagenaria bicornuta Chakrav.
    • Lagenaria cochinchinensis M.Roem.
    • Lagenaria hispida Ser.
    • Lagenaria idolatrica (Willd.) Ser.
    • Lagenaria lagenaria (L.) Cockerell
    • Lagenaria leucantha Rusby
    • Lagenaria microcarpa Naudin
    • Lagenaria siceraria f. depressa (Ser.) M.Hiroe
    • Lagenaria siceraria var. laevisperma Millán
    • Lagenaria siceraria f. microcarpa (Naudin) M.Hiroe
    • Lagenaria vittata Ser.
    • Lagenaria vulgaris Ser.
    • Lagenaria vulgaris var. clavata Ser.
    • Lagenaria vulgaris var. gourda Ser.
    • Pepo lagenarius Moench
    • Trochomeria rehmannii Cogn.

ဘူးပင်(Calabash) သည် လူတို့ စားသုံးရသော ဟင်းသီးဟင်းရွက်ပင် ဖြစ်၍ ရုက္ခဗေဒအလိုအားဖြင့် လဂျင်နေးရီးယား ဗာလဂါရစ်ဟု ခေါ်သည်။

အပူပိုင်းဒေသ အထူးသဖြင့် အတန်ငယ်ခြောက်သွေ့သော ဒေသတွင် စိုက်ပျိုးကြသည်။ ခြံဝင်းအနည်းငယ်ရှိသော အိမ်ရာများတွင် အိမ်တွင်းဟင်းခင်းအဖြစ် စင်ကလေးများ ထိုး၍ပင် စိုက်ပျိုးလေ့ ရှိကြသည်။

ယင်းသည် နွယ်ပင်ဖြစ်၍ အကိုင်းအရွက်စသည်တို့၌ အမွေးနုကလေးများ ဖုံးနေသည်။ အသီးအနုတွင်လည်း အမွေးနုများ ပါရှိ၍ ရင့်လာသည်နှင့်တပြိုက်နက် အမွေးများ ပါးသွားသည်။ အရွက်သည် လက်ဝါးပုံ ကျယ်ပြန့်၍ နူးညံ့ထူထဲသည်။ အသီးသည် ပုလင်းပုံသဏ္ဌာန် အောက်ပိုင်းကား၍ လည်ဝကျဉ်းသည်။ အချို့ဘူးသီးသည် ပု၍ အချို့သည် ရှည်သည်။ ၂ ပေခန့်အထိ ရှည်သော ဘူးသီး ရှိသည်။ ဘူးပွင့်သည် အဖြူရောင်ဖြစ်၍ အချင်း ၂ လက်မခွဲခန့် ကျယ်သည်။

ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဘူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာတစ်မျိုး ဖြစ်သည်။ ဘူးသီးအသားကို လှီး၍ အခြောက်လှန်းပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြသည်။ ဘူးသီး၊ ဘူးညွန့်၊ ဘူးရွက်တို့၏ အရသာသည် ချိုသည်။ နှုတ်ကို မြန်စေတတ်သည်။ ဓာတုရသကျမ်း အလိုအားဖြင့် ဘူးသီးသည် တောပင့်ကူ၏ အဆိပ်ကိုပင် လျင်စွာပယ်နိုင်သည်ဟု ဆိုသည်။ ဘူးသီးနှင့် ကျေးသား ရောစပ်၍ မစားသင့်ချေ။ အန္တရာယ်ဖြစ်စေတတ်သည်။

ဆားမပါ၊ ချက်ပြုတ်ထားသော ဘူးသီး
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၆၃ kJ (၁၅ kcal)

3.69 g

Dietary fiber1.2 g

0.02 g

0.6 g

ဗီတာမင်များ
Thiamine (B1)

(3%)

0.029 mg
Riboflavin (B2)

(2%)

0.022 mg
Niacin (B3)

(3%)

0.39 mg

(3%)

0.144 mg
ဗီတာမင် ဘီ6

(3%)

0.038 mg
Folate (B9)

(1%)

4 μg
ဗီတာမင် စီ

(10%)

8.5 mg
သတ္တုဓာတ်များ
ကယ်လဆီယမ်

(2%)

24 mg
သံဓါတ်

(2%)

0.25 mg
မဂ္ဂနီစီယမ်

(3%)

11 mg
မက်ဂနိစ်

(3%)

0.066 mg
ဖော့စဖရပ်

(2%)

13 mg
ပိုတက်ဆီယမ်

(4%)

170 mg
ဆိုဒီယမ်

(0%)

2 mg
သွပ်

(7%)

0.7 mg
အခြားပါဝင်ပစ္စည်း
ရေ95 g

Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

ပြုတ်ထားသော ဘူးသီးတွင် ရေ ၉၅%၊ ကာဗိုဟိုက်ဒရိတ် ၄%၊ ပရိုတင်း ၁% နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်သည်။ ချက်ပြုတ်ထားသော ဘူးသီး ၁၀၀ ဂရမ် (၃.၅ အောင်စ) တွင် ဗီတာမင်စီ အလယ်အလတ်ပမာဏ (နေ့စဉ်တန်ဖိုး၏ ၁၀%) ကို ပေးစွမ်းပြီး အခြားသော သေးငယ်သည့် အာဟာရဓာတ်များ သိသိသာသာ ပါဝင်မှုမရှိပေ။

ဘူးသီးရင့်ရင့်ကို အတွင်းမှ အသားများ ခြစ်ထုတ်၍ ဘူးတောင်ခွံချည်း ကျန်သည့်အခါ အခြောက်လှန်းကာ ရေ၊ ထန်းရည် ထည့်၍ သယ်ယူရန် အသုံးပြုကြသည်။

  • ဘူးစေ့ခြောက်များ

    ဘူးစေ့ခြောက်များ

  • ဥယျာဉ်အတွင်းရှိ ဘူးပင်တစ်ပင်

    ဥယျာဉ်အတွင်းရှိ ဘူးပင်တစ်ပင်

  • Lagenaria siceraria var peregrina Museum specimen

    Lagenaria siceraria var peregrina
    Museum specimen

  • တူရိယာတဖြစ်လဲ ဘူးသီး

    တူရိယာတဖြစ်လဲ ဘူးသီး

  • ဘူးပွင့်

    ဘူးပွင့်

  • ဘူးသီးဖြင့် ပြုလုပ်ထားသော ထည့်စရာတစ်မျိုး

    ဘူးသီးဖြင့် ပြုလုပ်ထားသော ထည့်စရာတစ်မျိုး

  • ဘူးသီးခြောက် မီးအိမ်ငယ်

    ဘူးသီးခြောက် မီးအိမ်ငယ်

  • လူမျက်နှာသဏ္ဌာန်ပြုလုပ်ထားသော ဘူးသီးခြောက်မီးအိမ်တစ်လုံး

    လူမျက်နှာသဏ္ဌာန်ပြုလုပ်ထားသော ဘူးသီးခြောက်မီးအိမ်တစ်လုံး

  1. Lagenaria siceraria (Molina) Standl.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 2 December 2020 တွင် ပြန်စစ်ပြီး။